Connect with us

Politics, Law & Military

ပုသိမ်(ငရုတ်ကောင်း)မှ ရခိုင်ပြည်နယ် ဂွအထိ ဟိုတယ်ဇုန်၊ စက်မှုဇုန်များ ပါဝင်သော မိုင်၁၀၀ အရှည် ကမ်းခြေပတ်လမ်း ဖောက်လုပ်မည်

ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းနှင့် အဖွဲ့ ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်ရှိ ငရုတ်ကောင်း ကမ်းခြေမှ ရခိုင်ပြည်နယ် ဂွမြို ့အထိ ဟိုတယ်ဇုန်၊ စက်မှုဇုန်များ ပါဝင်သော မိုင်၁၀၀ အရှည် ကမ်းခြေပတ်လမ်း ကို ဖောက်လုပ်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းက ယနေ့ ညနေပိုင်း တွင် ပြောကြားခဲ့သည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ညနေပိုင်း ပြုလုပ်သော အစိုးရ၏ လေးနှစ်တာ ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး “မကြာခင်မှာ ဒါကို သတင်းစာကနေ ထည့်ကြေညာဖို့ ရှိပါတယ်၊ ၂၄ ပေ ကွန်ကရစ်လမ်း မိုင် ၁၀၀ ဖောက်ပြီးရင် အဲဒီ လမ်းပေါ်မှာ မြေဧက တစ်သောင်းကျော် ရှိပါတယ်၊ ကမ်းခြေနဲ့ နီးတဲ့ နေရာတွေကို ဟိုတယ် အဖြစ် ခွင့်ပြုမယ်၊ ကမ်းခြေနဲ့ ဝေးတဲ့ တချို့နေရာတွေကို စိုက်ပျိုး မွေးမြူရေး၊ တချို့နေရာကို စက်မှုဇုန်နေရာ အဖြစ် ဆောင်ရွက်ပါ မယ်၊ ပြီးရင် တောင်ကုန်းလေးတွေကိုတော့ ပင်လယ်ကြီးကို အပေါ်စီးက မြင်ရတဲ့ အပန်းဖြေ မြို့လေး တွေ လုပ်ပါမယ်၊ အဲဒါအတွက် Plan ရေးဆွဲထားပြီးပါပြီ၊ ဧရာဝတီတိုင်း  အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ ကော်မတီ ဖွဲ့ထားပါတယ်၊ ဖွဲ့ပြီးတော့ မကြာခင်မှာ သတင်းစာထဲကနေ EOI (Expression of Interest) ခေါ်ပါမယ်၊ စိတ်ဝင် စားတဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေက ကျွန်တော်တို့ လုပ်ထားတဲ့ Feasibility Study ကို သူတို့က လေ့လာပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ဟု ရှင်းလင်း ဖြေကြား ခဲ့သည်။

အဆိုပါ ဒေသတွင် ကမ်းခြေ ဟိုတယ်ဇုန်အဖြစ် ချောင်းသာနှင့် ငွေဆောင် နှစ်ခုသာ ရှိသောကြောင့် ခရီးသွားရာသီ၌ ချောင်းသာနှင့် ငွေဆောင်တွင်  ကျပ်ပိတ်သိပ်နေကြောင်း၊ ယခု စီမံကိန်းသည် ဟိုတယ်ဇုန်များ ပေါ်ပေါ်က်ရေးကိုလည်း ရည်ရွယ်ကြောင်း၊ စိတ်ဝင်စားသူ ပြည်တွင်း ပြည်ပ ကုမ္ပဏီများအနေဖြင့် လမ်း မိုင် ၁၀၀ ဖောက်ရမည့်အပြင် မြေဧက တစ်သောင်းအတွက် နိုင်ငံတော်ကို မည်မျှ ပေးသွင်းနိုင်မလဲဆိုသည့် အချက်များကို ယှဉ်ပြိုင်ရန် မကြာခင်တွင် EOI ထုတ်မည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

“Project က အကြီးကြီး၊ လမ်းတင်ကို မိုင် ၁၀၀ ရှိတယ်၊ အိန္ဒု-ကော့ကရိတ်လမ်းဆိုရင် မိုင် ၄၀ လောက်ရှိတာကို ADB က ဒေါ်လာ သန်း ၁၂၀ ရင်းထားတယ်။ အဲဒီတော့ အခု စီမံချက်က ရင်းနှီး မြှုပ်နှံမှု ကြီးမယ်၊ အဲဒီအပေါ်မှာ ဇုန်တွေ ခွဲပြီး တစ်ယောက်ချင်း ပြန်ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားရမယ်၊ အမေရိကန်ဒါ်လာ သန်း ရာနဲ့ချီ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်း ဖြစ်တဲ့အတွက် ပြည်တွင်း ပြည်ပ အားလုံး ကို ပွင့်လင်း မြင်သာမှု ရှိစွာ ဖိတ်ခေါ် ဆောင်ရွက်သွားပါမယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.