လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ယူမားမြို့ အနီးတွင် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် လေယာဉ်မှူး ၂ ဦးသေဆုံးခဲ့ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့လေတပ်စခန်းက မတ် ၃၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ခတ္တမန္ဒူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်းတွင် မတ်လ ၃၁ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးချုန်း လျှပ်စီးလက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၅ ဦးရှိပြီး လူ ၄၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ Chimbote မြို့ အနောက်တောင်ဘက် ၁၂၉ကီလိုမီတာ အကွာတွင် မတ် ၃၁ရက် ဂရင်းနစ်စံတော်ချိန် ၁၅၂၇နာရီတွင် အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ်၃၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် မတ်လ ၃ဝ ရက်ကကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ဆင်ဟွာကို ယနေ့ညနေ ၅း၃၀ နာရီတွင်ဖြေကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ညနေမှ (၄.၄.၂၀၁၉) ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...