Connect with us

Videos

ဝူဟန့်မြို့နေပြည်သူများအား nucleic acid စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူမရှိကြောင်းတွေ့ရှိ

ဝူဟန့်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

 တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ တစ်ခုလုံးတွင်  ရက်သတ္တပတ်နှစ်ပတ်အတွင်း လူပေါင်း ၁၀ သန်းခန့်ကို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုရှိမရှိစစ်ဆေးပေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် ရောဂါ ကူးစက်ခံရမှုမရှိကြောင်း သိရသည်။

ဟွာကျုန်းသိပ္ပံနှင့်နည်ပညာတက္ကသိုလ် ရှိ တုန်ဂျိ ဆေးကောလိပ်မှ ပါမောက္ခ Lu Zuxun က “ မေ ၁၄ ရက်ကနေ ဇွန် ၁ရက်အထိ ဝူဟန့်မြို့မှာ လူပေါင်း ၉,၈၉၉,၈၂၈ ဦးကို nucleic acid စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ရောဂါ ကူးစက်ခံရသူမတွေ့ရှိရပါဘူး။ အဲဒီလို စစ်ဆေးနေစဉ်အတွင်း COVID-19 သံသယလူနာ ၃၀၀ ဦးကိုတွေ့ရှိခဲ့ရပြီး အဲဒီလူနာတွေနဲ့ ထိတွေ့ဆက်ဆံမိသူ ၁,၁၇၄ဦးရှိခဲ့ပါတယ်။အဲဒီအုပ်စုတွေကို ထပ်မံစစ်ဆေးတော့ ရောဂါကူးစက်ခံရမှုမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ သံသယလူနာတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမိသူ အားလုံးကိုလည်း သီးသန့်စောင့်ကြည့်စစ်ဆေးထားခဲ့ပါတယ်။ nucleic acid စစ်ဆေးမှု ရလဒ်တွေ အရ   သံသယလူနာအချိုးအစားမှာ စစ်ဆေးထားတဲ့ ရလဒ်တွေအားလုံးထဲမှာ အလွန်နည်းပါးပြီး သံသယလူနာတွေက တစ်ဆင့်အခြားသူတွေထံ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာလည်း မတွေ့ရှိပါဘူး”  ဟုဆိုသည်။

မေ ၁၄ ရက်မှစတင်က  ဝူဟန့်မြို့တွင် nucleic acid စစ်ဆေးမှု မပြုလုပ်ရသေးသည့် ပြည်သူများအားလုံးအတွက် စစ်ဆေးမှုများကိုပြုလုပ်ပေးခဲ့သည်။ထိုသို့ဆောင်ရွက်ခြင်းမှာစက်ရုံအလုပ်ရုံများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ရောဂါပိုးကူးစက်မှု ကင်းရှင်းကြောင်း အာမခံချက်များရရှိစေရန်ရည်ရွယ်သည်ဟု အာဏာပိုင်များကဆိုသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.