ဝူဟန့် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နောက်ဆုံးရှာဖွေတွေ့ရှိမှုအနေဖြင့် ၎င်းရောဂါသည် အစာခြေစနစ်(digestive system) မှ ကူးစက်ပြန့်နှံ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံဆေးပညာရှင်များက သတိပေးလိုက်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့် အဖွဲ့ဝင် ၁,၄၀၀ ဦး ပါဝင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဆေးကုသရေးစုပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၃ရက်မှစ၍ ဝူဟန့် ဟောဆန်ဆန်းဆေးရုံကြီး၌ ကိုရိုနာအဆုတ်ရောင်ရောဂါကုသရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စက်မှုဇုန် နှင့် စီးပွားရေး လုပ်ငန်းများ အသင်း (MIBA) စတင်ထူထောင်ခြင်း ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁...
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကိုရိုနာ အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံက ဘက်စုံတွန်းလှန်တိုက်ဖျက်နေချိန်တွင် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က ရောဂါဖြစ်ပွားမှုသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အမေရိကန်သို့ ပြန်လာရန် အထောက်အပံ့အခွင့်အလမ်းဖြစ်သည်ဟု ဆိုလိုက်သည်။ အဆိုပါစကားရပ်သည် သွေးအေးအေးနှင့်ယုတ္တိကင်းမဲ့လွန်းလှသည့် စကားပင် ဖြစ်သည်။
ဟူဖေ ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဖေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် လိုအပ်သော အစားအစာများကို Takeaway app အွန်လိုင်းဝန်ဆောင်မှုဖြင့် အခမဲ့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။