Connect with us

Politics, Law & Military

ဆင်းရဲနွမ်းပါးသောနိုင်ငံများ၏ ကြွေးမြီများကို  ယာယီဆိုင်းငံ့ရွှေ့ဆိုင်းပေးရန် တရုတ်နိုင်ငံက G20အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သမ္မတရှီပြောကြား 

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် လွှင့်ထူထားသော တရုတ်နိုင်ငံအလံအား တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ) 

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၁၈ ရက် ညပိုင်းက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာတွင်တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆင်းရဲနွမ်းပါးမှုအရှိဆုံးနိုင်ငံများ၏ ကြွေးမြီများအား ယာယီဆိုင်းငံ့ရွှေ့ဆိုင်းပေးရန် အဆိုပြုချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ကပ်ရောဂါအခြေအနေ အထူးဆိုးဝါးသည့် ဝန်ဖိအားအလွန်များသည့် နိုင်ငံများအတွက် ပံ့ပိုးမှုများကို တိုးမြှင့်ကာ လက်ရှိ အခက်အခဲများကို ဖြတ်ကျော်ရန် ကူညီဖေးမဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

သမ္မတရှီကျင့်ဖိန်၏ (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယို ကွန်ဖရင့်တွင် ပြောကြားသော မိန့်ခွန်းအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ https://xinhuamyanmar.com/statistics/covid-19/china-covid19/27605-2020-05-19-08-11-07