ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ဆင်းဒဝစ်ဂျ် ကျွန်းစုများ၏ တောင်ပိုင်း၊ Bristol ကျွန်းစု ၏ ၁၃၀ ကီလိုမီတာ အကွာတွင် အင်အား ၆.၆ အဆင့်ရှိသည့်ငလျင်တစ်ခု သြဂုတ် ၂၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၂၃၅၅ တွင် လှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနကဆိုသည်။
ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အမေဇုံမုတ်သုံသစ်တော မီးလောင်မှုကို ငြှိမ်းသတ်ရန် G7 အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီအား ဘရာဇီးနိုင်ငံက သြဂုတ်လ ၂၆ ရက်က ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဂါဇာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) ဂါဇာမြို့၏ အနောက်တောင်ပိုင်းတွင် သြဂုတ် ၂၇ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း လူမျိုး နှစ်ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်များ နှင့် လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အန်ကာရာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသည် သြဂုတ် ၂၇ ရက်က ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အစိတ်အပိုင်းများ ဒုတိယအသုတ်ကို လက်ခံရရှိခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ သြဂုတ် ၂၆ ရက်ထိ ရေကြီးရေလျှံ/မြေပြိုမှုများကြောင့် လူ ၉၀ ဦးသေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ...