Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ဇီဝမျိုးစိတ်/မျိုးကွဲဆိုင်ရာတွေ့ရှိချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ တက်ကြွစွာ နှင့် ပွင့်လင်းစွာ မျှဝေပေးလျက်ရှိ

တရုတ်နိုင်ငံ Zhejiang ပြည်နယ် မှ ပေးပို့လာသော ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဇီဝနမူနာများကို ပေကျင်းမြို့ရှိ ကူးစက်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာနတွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၅ ရက်က စမ်းသပ်စစ်ဆေးမှုပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကာကွယ်ဆေးများ ၊ ဆေးစစ်တံများ(test kits) နှင့် ဆေးဝါများကို တိုးမြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မူဘောင်နှင့်အတူ လုပ်ဆောင်နေပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါဖြစ်ပွားစေသော ဇီဝမျိုးကွဲ/မျိုးစိတ်ဆိုင်ရာ တွေ့ရှိချက်များကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ မျှဝေပေးရန် အစဉ်အမြဲတက်ကြွစွာ နှင့် ပွင့်လင်းစွာ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံကျန်းမာရေးအရာရှိတစ်ဦးက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ COVID-19 နဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးတဲ့နေရာမှာ တရုတ်နိုင်ငံဟာ ထိန်ချန်ထားတာ  ၊ စနိုးစနောက်ဖြစ်တာ လုံးဝ မရှိပါဘူး ” ဟု တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယအကြီးအကဲ Zeng Yixin က ပေကျင်းမြို့၌ မေ ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကျန်းမာရေးအရာရှိများအကြား တုံ့ပြန်ဆောင်ရွက်ခြင်း ၊ မကြာခဏ လုံလောက်သော ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကပ်ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် CDC ညွှန်ကြားရေးမှူး Zeng က ဆိုသည်။ 

သက်သေအထောက်အထားမရှိဘဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးမိုက်ပွန်ပီယို၏ တရုတ်နိုင်ငံက ဗိုင်းရပ်စ် နမူနာများ ဆုတ်ကိုင်ထားကြောင်း စွပ်စွဲပြောဆိုမှုအပေါ် NHC အရာရှိတစ်ဦးဖြစ်သော Liu Dengfeng က ပွန်ပီယို၏ ပြောဆိုချက်များသည် ဆက်စပ်ရမည့်အကြောင်းအရာ မာတိကာစဉ်မရှိဘဲ ဘာသာပြန်နေသည့်လုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် များစွာသော တုတ်ကွေးဗိုင်းရပ်စ် မျိုးစိတ်များ၏ အမြင့်ဆုံး ရောဂါဗေဒဆိုင်ရာ အချက်အလက်များကို မကြာသေးမီနှစ်များက ကမ္ဘာလုံးဆိုင်ရာ တုတ်ကွေးရောဂါတားဆီးရေး WHO မူဘောင်အောက်တွင် အမေရိကန်နိုင်ငံအပါအဝင် ဂျပန် ၊ ကနေဒါ နှင့် ရုရှားနိုင်ငံများသို့ မျှဝေပေးပို့ခဲ့ကြောင်း Liu ကဆိုသည်။

ကပ်ရောဂါဖြစ်ပွားလာပြီးနောက်တွင် NHC သည် ကနဦးဆက်စပ်သော စူးစမ်းလေ့လာမှုကို ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း နှင့် ပထမဆုံးစစ်ဆေးတွေ့ရှိချက်အရ အဆုတ်ရောင်ရောဂါတစ်မျိုး ပျံ့နှံ့လာခြင်းသည် အမျိုးအမည်မသိသော အကြောင်းတရားတစ်ခုပေါ်မှတစ်ဆင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ကို အတည်ပြုခဲ့ကြောင်း Liu က ဆိုသည်။

“ ဗိုင်းရပ်စ် ပျံ့နှံ့မှုတစ်ခုဖြစ်နေပြီးဆိုတာကို ကျွန်တော်တို့ အမြင့်ဆုံးတပ်လှန့်သတိပေးမှုလုပ်ခဲ့တယ် ။ ဇီဝလုံခြုံရေး နှင့် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်တားဆီးဖို့ ကျွမ်းကျင်သူတွေရဲ့ ထင်မြင် ယူဆချက်တွေအပေါ်  အခြေခံပြီး နမူနာစုဆောင်းတာ ၊ သယ်ယူပို့ဆောင်တာ ၊  လက်တွေ့စမ်းသပ်စစ်ဆေးတာ နဲ့ ဖျက်ဆီးပစ်တာတွေကို လိုအပ်ချက်တွေနဲ့အညီ ရှင်းလင်းစွာ လုပ်ဆောင်ခဲ့တယ်” ဟု liu က ဆက်လက်ပြောကြားခဲ့သည်။

NHC သည် ဥပဒေအရ ကြိုတင်ကာကွယ်ရေး နှင့် ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် အခြားသော စည်းမျဉ်းစည်းကမ်းများပေါ် အခြေခံပြီး အမျိုးအမည်မသိသော ဗိုင်းရပ်စ်အန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ဇန်နဝါရီ ၃ ရက်က လမ်းညွှန်ချက်(guideline) တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း liu က အသိပေးပြောကြားခဲ့သည်။

ကပ်ရောဂါတိုက်ဖျက်ရေးတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ခွဲခန်းများတွင် ဇီဝလုံခြုံရေးစီမံခန့်ခွဲမှုအား တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားချက်တစ်ခုကိုလည်း NHC က ထုတ်ပြန်ခဲ့ကြောင်း Liu က ဆိုသည်။ တရုတ်နိုင်ငံ ဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများအရ အကယ်၍ ဓာတ်ခွဲခန်းများအနေဖြင့် နမူနာများအား သိမ်းဆည်းရာတွင် ဇီဝလုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိပါက အဆိုပါ ဗိုင်းရပ်စ်နာမူနာများအား ဖျက်ဆီးခြင်း သို့မဟုတ် အဆင့်မြင့်ထိန်းသိမ်းရေးဌာနများသို့ လွှဲပြောင်းခြင်းများ လုပ်ဆောင်ရကြောင်း liu က ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)