Connect with us

WORLD

ဘရာဇီးနိုင်ငံ၏ COVID-19ဖြစ်ပွားသူအရေအတွက် စပိန်နှင့်အီတလီကို ကျော်လွန် 

ဘရာဇီးနိုင်ငံ ဆာအိုပေါလိုမြို့ရှိ မြေအောက်ရထားဘူတာတစ်ခု၏ မြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီးယား၊ မေ ၁၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် မေ ၁၆ ရက် ဒေသစံတော်ချိန် ၁၉:၀၀ နာရီ အထိ ၂၄ နာရီတွင် COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာ ၁၄,၉၁၉ ဦး ရှိခဲ့ရာ ယခုအခါ နိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း ၂၃၃,၁၄၂ ဦး ရှိသွားပြီဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးရကိန်းကဏန်းများအရ သိရသည်။ 

 ဘရာဇီနိုင်ငံ၏ COVID-19ဖြစ်ပွားသူ အရေအတွက်သည် စပိန်နှင့်အီတလီကို ကျော်လွန်၍ ကမ္ဘာတွင် ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးနိုင်ငံဖြစ်လာသည်။ မေ ၁၆ ရက် ထုတ်ပြန်ချက်အရ  ဘရာဇီးတွင် အသစ်ထပ်တိုးသေဆုံးသူ  ၈၁၆ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၅,၆၃၃ ဦး ရှိကြောင်း သိရသည်။ ကပ်ရောဂါအခြေအနေ အဆုံးဝါးဆုံးဖြစ်သည့် ဆောပိုလို(São Paulo)ပြည်နယ်တွင် စုစုပေါင်း အတည်ပြုလူနာ ၆ သောင်းကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄,၆၈၈ ဦး ရှိကြောင်း သိရသည်။ 

ဘရာဇီးနိုင်ငံ ဆာအိုပေါလိုမြို့ရှိ မြေအောက်ရထားဘူတာတစ်ခု၏ မြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာအိုပေါလိုမြို့ရှိ မြေအောက်ရထားဘူတာတစ်ခု၏ မြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာအိုပေါလိုမြို့ရှိ မြေအောက်ရထားဘူတာတစ်ခု၏ မြင်ကွင်းများအား မေ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါကာကွယ်ထိန်းချုပ်ရေးကဏ္ဍတွင် သမ္မတ ဘိုဆိုနာရို(Bolsonaro)နှင့် အမြင်သဘောထားကွဲလွဲမှုများရှိသောကြောင့် ဘရာဇီးတွင် တစ်လအတွင်း ကျန်းမာရေးဝန်ကြီး နှစ်ဦး ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ဘိုဆိုနာရို အနေဖြင့် ဘက်စုံသီးခြားခွဲထားဆောင်ရွက်မှုသည် စီးပွားရေးတိုးတက်မှုကို ထိခိုက်နစ်နာစေရာ ရောဂါကူးစက်မှုမရှိအောင်လုပ်ဆောင်နေသည့် ယင်းအစီအစဉ်များကို ဖြေလျှော့သင့်သည်ဟု ယူဆသည်။၎င်းသည် မေ ၁၆ ရက်က လူမှုကွန်ရက်မီဒီယာကတစ်ဆင့် ဘက်စုံသီးခြားခွဲထားသည့်မူဝါဒကို တိုက်ခိုက်ပြောဆိုခဲ့ရာ အလုပ်လက်မဲ့၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဆင်းရဲနွမ်းပါးမှုသည် ထိုမူဝါဒ ထောက်ခံသူများ၏ အနာဂတ်ဖြစ်မည်ဟု ဆိုသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117