ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု ၃၆ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင် လမ်းမပေါ်တွင် မေ ၂၁ ရက်နေ့တွင် ကျပ်သိန်းပေါင်း ၄၈၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် (၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဟေပေ၊ မေ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်းဟေပေပြည်နယ်ရှိ အထင်ကရ မဟာတံတိုင်းကြီးပေါ်တွင် ဂီတပညာရှင်ပေါင်း ၁ဝဝဝ က Donning ရိုးရာဝတ်စုံများကိုဝတ်ဆင်ကာ Guzheng ဖြင့်ဖျော်ဖြေမှုများပြုလုပ်ခဲ့သည်။ တရုတ်ဗျပ်စောင်း ဟုလူသိများသော Guzheng ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ဝဝ ကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယခုကဲ့သို့ တီးခတ်ဖျော်ဖြေခြင်းမှာ ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်စေရန်...