Connect with us

ASEAN

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အကြီးဆုံးဈေးကို ကပ်ရောဂါ တိုက်ဖျက်ရေး  တင်းကြပ်သော စည်းကမ်းကန့်သတ်ချက်များဖြင့် ပြန်လည် ဖွင့်လှစ် 

ဘန်ကောက်မြို့ရှိ ချာတူချတ်ဈေး၌ ဈေးဝယ်သူ တစ်ဦးက လက်သန့်ဆေးရည်ဖြင့် လက်အား သန့်စင်ဆေးကြောနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချာတူချတ်(Chatuchak) ဈေးကြီးကို  COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး တင်းကြပ်သော စည်းကမ်းကန့်သတ်ချက်များဖြင့် မေ ၉ ရက်တွင် ပထမဆုံးနေ့ အဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် နှစ်လကျော်က ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ရန် ယာယီပိတ်ထားခဲ့သည့် ချာတူချတ်ဈေး၏ ဝင်ပေါက်အားလုံး၌ ဈေးရောင်းချသူများ နှင့် လာရောက် ဈေးဝယ်သူအားလုံးကို ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA)၏ အရာရှိများက ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဈေးဝယ်သူများ နှင့် ရောင်းချသူများ အားလုံးအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ရန် ၊ လက်သန့်စင်ဆေးရည်ဖြင့် လက်ကို ဆေးကြောရန် နှင့် ရောဂါကူးစက်မှုမှ ကာကွယ်ရန် တစ်ဦး နှင့် တစ်ဦး နီးကပ်စွာ သွားလာခြင်း မပြုရန်တို့ကို  စည်းကမ်းတင်းကြပ်စွာ လိုက်နာရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူချတ် ရပ်ကွက် Morchit ဘူတာရုံအနီးတွင် တည်ရှိသော ချာတူချက်ဈေးမှ BMA အရာရှိ တစ်ဦးက ဆိုသည်။ 

ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) ခွင့်ပြုသည့် ဈေးအတွင်းရှိ အစားအသောက် ရောင်းချသော ဆိုင်ခန်းများ အားလုံးတွင် လာရောက် စားသုံးသူများအနေဖြင့် တစ်ဦး နှင့် တစ်ဦး ၁.၅ မီတာ အကွာအဝေးခန့် တွင် ထိုင်ကြစေရန် ၊ အများပြည်သူ အသုံးပြုသည့် ထိုင်ခုံ ၊ အိမ်သာ နှင့် ATM စက်များအား နှစ်နာရီခြား တစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားကြောင်း BMA အရာရှိက ပြောကြားခဲ့သည်။ 

သို့သော် ညပိုင်းအထိ ဖွင့်လှစ်သော စနေ ၊ တနင်္ဂနွေ အားလပ်ရက်ဈေးအား လတ်တလောတွင် နံနက် ၅ နာရီမှ ညနေ ၆ နာရီ အထိသာ ဖွင့်လှစ်ရန် ခွင့်ပြုထားပြီး ဈေးဝယ်သူများ နှင့် ရောင်းချသူများ အားလုံး အနေဖြင့် ညမထွက်ရအမိန့် အသက်ဝင်ချိန်ဖြစ်သော ည ၁၀ နာရီမတိုင်မီ ဈေးကြီးအတွင်းမှ အပြီးထွက်ခွာသွားကြရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.