ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
တိုကျို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု အရှေ့ဘက်ကမ်းခြေအလွန်တွင် မတ် ၁၁ရက် က အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ ဌာနက ပြောကြားခဲ့သည်။
ဆူဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီနိုင်ငံအနီး ပင်လယ်ပြင်တွင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၂ မိနစ်က ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။