Connect with us

Science & Technology

ရန်ကုန်မြို့တွင် ၂၀၂၀ပြည့်နှစ် မေလအတွင်း ၂၀၁၉ ခုနှစ်ကဲ့သို့ အလှည့်ကျ မီးပျက်ရန် မရှိကြောင်းဆို

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်ဌာန)တို့ ပူးပေါင်း၍ မိုးကြိုကာလ သစ်ပင်ခုတ်နေမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ--YESC)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းဆောင်ရွက်မှုတစ်ချို့ ကြောင့် လျှပ်စစ်မီးခေတ္တပြတ်တောက်မှုများမှအပ ၂၀၂၀ပြည့်နှစ် မေလအတွင်း ၂၀၁၉ ခုနှစ်က ကဲ့သို့ အလှည့်ကျ မီးပျက်ရန် မရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးကျော်သူက ပြောကြားခဲ့သည်။ 

ဦးကျော်သူက “အခုချိန်က မနှစ်ကလိုမျိုး အလှည့်ကျမီးဖျက်ဖို့မရှိပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ဖြန့်ဖြူး နိုင်ဖို့နဲ့  ဓာတ်အားစနစ်ပိုမို တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ယနေ့ မေ ၁၀ ရက်တွင် ဆင်ဟွာသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် (၁,၁၆၆)မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံများ တိုးချဲ့ ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် အသစ်ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက် သာကေတဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်) သည် မကြာမီ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက် မောင်းနှင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်ဌာန)တို့ ပူးပေါင်း၍ မိုးကြိုကာလ သစ်ပင်ခုတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ရန်ကုန်မြို့တွင် တစ်ရက်လျှင် လျှပ်စစ်သုံးစွဲမှု ၁,၅၀၀ မဂ္ဂါဝပ်ရှိကြောင်း ဦးကျော်သူ ၏ ပြောကြားချက်အရ သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117