Connect with us

WORLD

တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံဆွေနွေးဖလှယ်မှုများ ပြုလုပ် 

တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံမျှဝေမှု နိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲအား မေ ၈ ရက်တွင် ကျင်းပပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံမျှဝေမှုနိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲအား ပြီးခဲ့သောရက်များက ကျင်းပခဲ့ရာ နှစ်နိုင်ငံတပ်မတော် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် လက်တွေ့ဆေးကုသရေး၊ ရောဂါစစ်ဆေးရေး၊ ကာကွယ်ထိန်းချုပ်ရေးစသည့် ကဏ္ဍများမှ ကျွမ်းကျင်းပညာရှင်များနှင့် တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဝန်ထမ်းများအပါအဝင် လူ ၃၀ ကျော်သည် တရုတ်နိုင်ငံ ပေကျင်းမြို့၊ ဟန်ကျိုးမြို့နှင့် တောင်အာဖရိကနိုင်ငံ ဗစ်တိုးရီယား၊ ဘလိုယမ်ဖောင်တိန်၊ကိပ်တောင်း မြို့များမှနေ၍ အသီးသီး ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ 

အဆိုပါ ဆွေးနွေးဖလှယ်ပွဲသည် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးတပ်မတော်၏တောင်းဆိုချက်အရ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံမျှဝေမှု နိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲအား မေ ၈ ရက်တွင် ကျင်းပပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆွေးနွေးပွဲတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို နှစ်ဖက်စလုံးမှ အသီးသီး မိတ်ဆက်ပြောကြားခဲ့ရာ တရုတ်နိုင်ငံ ကျွမ်းကျင်ပညာရှင်များက ရောဂါ ကယ်ဆယ်ကုသရေးနည်းလမ်းများ၊ ဆေးရုံအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အဓိကထား မိတ်ဆက်ပြောကြားခဲ့သည်။ထို့အပြင် နှစ်နိုင်ငံပညာရှင်များက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ရောဂါစစ်ဆေးကုသရေး၊ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်ရေးစသည့်ကဏ္ဍများအား အကျယ်တဝင့် ဆွေးနွေးဖလှယ်ခဲ့ကြသလို တရုတ်-တောင်အာဖရိက စစ်ဘက်ဆိုင်ရာ ဆေးကုသမှုပူးပေါင်းဆောင်ရွက်ရေးစသည်တို့ကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာန ဒုတိယ အကြီးအကဲ ရွှီချင်းကိန်က ယခုနှစ်ပိုင်းများတွင် တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော် ထောက်ပို့ ကျန်းမာရေးကဏ္ဍ ပူးပေါင်ဆောင်ရွက်မှုများ တိုးတက်မှုများစွာရှိလာခဲ့ရာ ကပ်ရောဂါဖြစ်ပွားပြီးနောက် နှစ်ဖက်အကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခဲ့ပြီး စည်းလုံးညီညွှတ်စွာဖြင့် ဟန်ချက်ညီညီ လက်တွဲကာ ကပ်ရောဂါကို တိုက်ဖျက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဖလှယ်မှုများ ထပ်ဆင့်တိုးကာ ကပ်ရောဂါကို အတူအနိုင်တိုက်ဖျက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံတပ်မတော်၏ ကြီးမားသည့် ကြိုးပမ်းမှုနှင့်ရရှိသည့် ရလဒ်များကို  တောင်အာဖရိက နိုင်ငံမှ  လေးစားချီးကျူးစကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ အချိန်မီ အတွေ့အကြုံမျှဝေမှုများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးတပ်မတော်  အကြီးအကဲ Lindile Yamက  တရုတ်နိုင်ငံသည် ကပ်ရောဂါကို အစောဆုံးထိန်းချုပ်နိုင်သည့်နိုင်ငံဖြစ်ရာ တောင်အာဖရိက၏ စံနမူနာဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏အတွေ့အကြုံများကိုအလေးထား သင်ယူသွားလိုကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ ကျန်းမာရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး Zola Dabulaကလည်း တောင်အာဖရိကသည် လက်ရှိအချိန်တွင် ကပ်ရောဂါဖြစ်ပွားမှု ကနဦးအဆင့်အခြေအနေတွင်ရှိရာ တရုတ်နိုင်ငံ၏နည်းလမ်းများသည့် တောင်အာဖရိက၏ ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးရာတွင် အထူးသုံးဝင်အရေးပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အမျိုးအစားသစ်ဖြစ်သောကြောင့် ဘက်ပေါင်းစုံမှာ ပူးပေါင်းပါဝင်၍ ကပ်ရောဂါ စစ်ဆင်ရေးကို အနိုင်တိုက်ဖျက်နိုင်ရန် အတူတကွကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)