Connect with us

WORLD

တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားသူ ၄ သန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဈေးဝယ်စင်တာတစ်ခု၏မြင်ကွင်းအား မေ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ မေ ၁၀ ရက်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးတွင်  COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၄ သန်း ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မေ ၉ ရက်တွင် ထုတ်ပြန်သည့်နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

မေ ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းဒေသစံတော်ချိန်  ၁၆:၃၂ နာရီအထိဆိုပါက တစ်ကမ္ဘာလုံး၌ COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၄,၀၀၄,၂၂၄ ဦးရှိပြီး သေဆုံးသူ ၂၇၇,၈၆၀ဦး ရှိကြောင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံသည် COVID-19 ကပ်ရောဂါဖြစ်ပွားမှုအခြေအနေ အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁,၃၀၅,၁၉၉ ဦး ၊ သေဆုံးသူ စုစုပေါင်း ၇၈,၄၆၉ ဦးရှိကြောင်းသိရသည်။ ရောဂါဖြစ်ပွားသူ ၂ သိန်းကျော်ရှိသောနိုင်ငံများမှာ စပိန်၊ အီတလီနှင့်ဗြိတိန်နိုင်ငံ တို့ဖြစ်ကြပြီး ရုရှား၊ ပြင်သစ်၊ဂျာမနီနိုင်ငံတို့တွင်လည်း ရောဂါဖြစ်ပွားသူ ၁သိန်းခွဲကျော် အသီးသီးရှိကြောင်း သိရသည်။  (Xinhua)