ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူ လူနာ တစ်ဦး သွားရောက်ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ရွာတစ်ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီး ၎င်းနှင့် ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပြီ...
ဒါကာ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် လိုအပ်သော အစီအမံများဆောင်ရွက်နိုင်ရန် မတ် ၂၆ ရက်မှ ဧပြီ၄ ရက်အထိကို အများပြည်သူရုံးပိတ်ရက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ ၏ အရေးပေါ်ဆုံးဖြတ်ချက်အရ ရန်ကုန်တက္ကသိုလ် စာမေးပွဲများ အားလုံးကို ယနေ့ မတ် ၂၄ ရက်မှ စတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်တက္ကသိုလ်၊ ပညာရေးအဖွဲ့ က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။