Connect with us

VIDEO

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှု တရုတ် PLAဆေးပညာရှင်အဖွဲ့ အားဖြည့် ကူညီ

ရန်ကုန်၊ မေ ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် ဧပြီ ၃၀ ရက်တွင် ရန်ကုန်မြို့ ရှိ မင်္ဂလာဒုံ အမှတ် (၁) တပ်မတော် စစ်ဆေးရုံသို့ သွားရောက်၍ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှုတွင် ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ကူညီလှူဒါန်းရန် ၎င်းတို့နှင့်အတူတစ်ပါတည်းသယ်ဆောင်လာသည့် စက်ပစ္စည်းများနှင့် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကို စမ်းသပ်ခန်းအတွင်းသို့ သယ်ဆောင်ကာ တပ်ဆင် စစ်ဆေး၍ လမ်းညွှန်ရှင်းပြပြောကြားပေးခဲ့သည်။အဆိုပါ ဓာတ်ခွဲခန်းသည် နောက်တစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် မာရာ့ကျွင်းက Nucleic Acid Automatic Extraction စသည့် Nucleic acid detection equipmentနှင့် အသုံးပြုပစ္စည်းများကို အစုံလိုက်သယ်ဆောင်လာခဲ့ကြောင်း၊ လွန်ခဲ့သောရက်များတွင် ဓာတ်ခွဲစမ်းသပ်ခန်း၏ အပြင်အဆင်နှင့်ဖွဲ့စည်းထားရှိမှုကို ပြင်ဆင်ရန် အကြုံပြုခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်ပြီးဖြစ်ကြောင်း ၊ ဆက်လက်၍ ဓာတ်ခွဲခန်းဝန်းထမ်းများအား ဗိုင်းရပ်စ်ဓာတ်ခွဲနမူနာယူပုံ၊ သယ်ယူပို့ဆောင်ပုံ၊ ဓာတ်ခွဲစစ်ဆေးပုံနှင့် ဓာတ်ခွဲစစ်ဆေးသည့်ရလဒ်အား ပိုင်းခြားဆုံးဖြတ်ပုံစသည်တို့ကို စနစ်တကျကူညီလမ်းပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ခေါင်းဆောင် ပိုင်ချုံးက ရက်သတ္တတစ်ပတ်ကြာ ကာလ အတွင်း ပညာရှင်အဖွဲ့သည် မြန်မာ့ တပ်မတော်နှင့်အတူ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး ဆိုင်ရာ ပညာရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြရာ အထူး တန်ဖိုးရှိကြောင်း၊ လက်တွေ့ကွင်းဆင်းလေ့လာခြင်း နှင့်ဆွေးနွေးဖလှယ်မှုများပြုလုပ်ပြီးနောက် COVID-19တိုက်ဖျက်ရေးအတွက် ပြင်ဆင်မှုများမှာ ထိရောက်မှုရှိသည်ဟု ယူဆကြောင်း ၊ မိမိတို့၏ အကြုံပြုချက်များသည်လည်း ကပ်ရောဂါ စစ်ဆေးကုသရာတွင် ပို၍ထိရောက်မှုရှိစေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဓာတ်ခွဲစမ်းသပ်ခန်းတွင် တာဝန်ထမ်းဆောင်မည့် အနုဇီဝဗေဒဌာနမှ ဗိုလ်ကြီး နေမျိုးအောင်ကလည်း တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့လာရောက် အားဖြည့်ကူညီပေးသည့်အတွက် များစွာ အထောက်အကူဖြစ်စေကြောင်း၊ လှူဒါန်းပစ္စည်းများတွင် automatic extractionစက်များပါလာရာ ဓာတ်ခွဲစစ်ဆေးရာတွင် အချိန်ကုန်သက်သာစေ၍ ရောဂါပိုးမွှားနှင့်တိုက်ရိုက်ထိတွေ့မှု နည်းစေသောကြောင့် ဓါတ်ခွဲခန်းလုပ်ငန်းအတွက် အကျိုးရှိစေကြောင်း ၊ viral transport mediaများလည်းပါလာရာ တပ်မတော်နှင့်ပြည်သူများအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း ၊ biosafetyနှင့်ပတ်သတ်၍လည်း လမ်းညွှန်ရှင်းပြပေးသလို ဓာတ်ခွဲခန်းတွင်လည်း lab practitionersများအတွက် လုံခြုံရေးဆိုင်ရာသတိပေး လမ်းညွှန်ချက် ရှင်းပြပေးခဲ့ကြောင်း၊ COVID-19 ဓာတ်ခွဲပညာရပ်၊ ရောဂါရှာဖွေရေးနှင့် စမ်းသပ်မှုများကို ဓာတ်ခွဲစမ်းသပ်ခန်းတွင် တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်အားဖြည့်ကူညီဆောင်ရွက်ရန် မြန်မာ့တပ်မတော်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား ဧပြီ ၂၄ ရက်တွင် အရေးပေါ်လိုအပ်နေသည့် Nucleic acid စမ်းသပ်ကိရိယာ၊ PPE စသည့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့်အတူ သွားရောက်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.