Connect with us

VIDEO

COVID – 19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများပုံစံပြောင်းလဲ

ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ)

COVID – 19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ၏ စားသောက်ဆိုင် လုပ်ငန်းများမှာ မူလပုံစံ များထက် ပိုမို အဆင့်မြှင့်တင်ကာ ပြောင်းလဲခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံတွင် စားသောက်ဆိုင် တစ်ခု အတွင်းသို့ ဝင်ရောက်စားသောက်မည်ဆိုပါက ဦးစွာ မိမိတို့၏ ကိုယ်အပူချိန်များကို စစ်ဆေးမှု ခံယူရသည်။ အစားအသောက်များမှာယူရာတွင်လည်း တစ်ဦးနှင့်တစ်ဦး တစ်မီတာ အကွာမှ မှာယူရပြီး  စားပွဲတစ်လုံးတွင် လူတစ်ဦးသာ ထိုင်ကာစားသောက်ရသည်။ အတူတကွလာစားသည့်သူများကိုလည်း တစ်ဦးလျှင် တစ်ပန်းကန် နှုန်းဖြင့်သာစားသောက်ရန် တစ်ယောက်စာပမာဏဖြင့် စားသောက်ဆိုင်များမှ ပန်းကန်များကိုခွဲကာ ဝန်ဆောင်မှုပေးသည်။ အစားအသောက်များကို စက်ရုပ်စားဖိုမှူးများက ချက်ပြုတ်ပြင်ဆင်ပေးသည်။ လက်ရှိကာလတွင် လူအများစုမှာ ဆိုင်များတွင် စားသောက်ခြင်းထက် အိမ်သို့မှာယူကာ ပါဆယ်စနစ်ဖြင့် စားသောက်မှုပိုမိုများပြားသည်။ အိမ်သို့ပို့ဆောင်ရာတွင်  အချင်းချင်းထိတွေ့မှု လုံးဝ မရှိဘဲ ပို့ဆောင်သည့်စနစ် (zero contact delivery) စနစ် ဖြင့်ပို့ဆောင်ပေးလေ့ရှိသည်။ COVID-19 ကြောင့် social distancing ကို ဦးစားပေးသည့် ကာလဖြစ်သောကြောင့် စားသုံးသူများအနေဖြင့် အိမ်သို့မှာယူစားသောက်မှု များမှ စားသောက်ဆိုင်များ အတွက် ဝင်ငွေ အများဆုံးရရှိကြောင်းသိရသည်။ နာမည်ကြီးအဆင့်မြင့်စားသောက်ဆိုင်များ ကလည်း ၎င်းတို့၏ ဟင်းလျာများကို ရောင်းအားမြှင့်တင်ရန်အလို့ငှာ ပါဆယ်စနစ်ဖြင့် ထုတ်ပိုးရောင်းချ လာကြသည်။ စားသောက်ဆိုင်ပိုင်ရှင်အများစုကလည်း ၎င်းတို့၏ ဆိုင်များကို Live ထုတ်လွှင့်ခြင်းနှင့် group များဖွင့်ကာ ကြော်ငြာြခင်းများဖြင့် စားသုံးသူများထံ ထိုးဖောက်ကြော်ငြာလာခဲ့သည်။ အနာဂတ်တွင် အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ကွန်ပျူတာနည်းပညာများနှင့် အသိဉာဏ်တု နည်းပညာများသုံးစွဲကာ လုပ်ငန်းခွင်တွင် ထိုးဖောက်နိုင်ရန် အရေးပါကြောင်း လုပ်ငန်းရှင်များက ယုံကြည်လာခဲ့ကြသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.