Connect with us

Environment, Disasters & Accidents

မိုးကြိုကာလတွင် တစ်နိုင်လုံးတွင် အပူပျံတက်တိမ်များကြောင့် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင် 

၂၀၁၈ ခုနှစ် တွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးမှု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် မိုးကြိုကာလဖြစ်သည့်မေလ မှ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ ဖြစ်ပေါ်လာသော အပူပျံတက်တိမ်များကြောင့်လည်းကောင်း၊ မိုးရွာခြင်း နှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ်  မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဦးစီးအရာရှိဒေါ်အေးအေးစိုးက မေ ၁ရက်တွင် ဆင်ဟွာကို ပြောသည်။

 ဒေါ်အေးအေးစိုးက “လေပြင်းတိုက်ခတ်နိုင်တာ မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ခတ်နိုင်တာပါ။ ကမ်းရိုးတန်းမှာ တိုက်တဲ့လေ က သပ်သပ်ပါ။ လေထုမငြိမ်သက်မှု တွေကြောင့်  နေ့ အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်ရာက အပူပျံတက်တိမ် ဖြစ်ပေါ်ပြီး မွန်းလွဲ နဲ့ ညနေပိုင်းတွေ မှာ မိုးတိမ်တောင် ဖြစ်ပြီး ဖြစ်တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေပါ။ မုတ်သုံလေ အားနည်းနေတဲ့ အချိန် မှာ ဒီလိုတိမ်တွေ ဖြစ်တတ်ပါတယ်။ မွန်းလွဲ နဲ့ ညနေပိုင်း ဒီလို တိမ်တွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ပြည်သူတွေ သတိထားဖို့ လိုအပ်ပါတယ်’’ ဟုပြောသည်။

မိုးကြိုကာလတွင် ဖြစ်ပေါ်လာနိုင်သော မိုးလေဝသဖြစ်စဉ်များတွင် လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည်တို့လည်းပါဝင်ပြီး အဆိုပါမိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန် မိုးဇလ မှ ကြိုတင်သတိပေးနှိုးဆော်ချက်ထုတ်ပြန်ထားသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117