ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Junction...
ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာ ဖလံကျင်းဓါတ်အားခွဲရုံ (33/11KVA,5MVA) တည်ဆောက်ပြီး၍ မိတ္ထီလာ -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ(၂၂)ရွာအား အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မော်စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Perm မြို့ရှိ ယမ်းမှုန့်စက်ရုံတွင် အောက်တိုဘာ ၈ ရက်က ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) နေပြည်တော်ပြည်သူ့ဆေးရုံကြီး – ခုတင် (၁၀၀၀)၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory)အား အောက်တိုဘာလ (၈)ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။