Connect with us

Videos

အမေရိကန်နိုင်ငံ ရီပတ်ဗလစ်ကန်ပါတီ ရွေးကောက်ပွဲမဲဆွယ်ဌာနက တရုတ်နိုင်ငံအားတိုက်ခိုက်ရန်နည်းဗျူဟာလမ်းညွှန်ချက်ဖြန့်ဝေ

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ရီပတ်ဗလစ်ကန်ပါတီ ရွေးကောက်ပွဲမဲဆွယ်ဌာနက စာမျက်နှာ ၅၇ မျက်နှာပါ နည်းဗျူဟာလမ်းညွှန်ချက်ကို သီးသန့်ဖြန့်ဝေခဲ့ရာ ထိုအထဲတွင် တရုတ်နိုင်ငံကို တိုက်ခိုက်ရန်ဟူသည့်အချက်မှာ အဓိက နေရာမှ ပါဝင်နေသည်။

စာမျက်နှာ ၅၇ မျက်နှာပါ ဗျူဟာလမ်းညွှန်ချက်တွင် ရီပတ်ဗလစ်ကန်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနေဖြင့် တရုတ်နိုင်ငံအား အပုတ်ချတိုက်ခိုက်ပြီး ကပ်ရောဂါအရေးကို ဖြေရှင်းသင့်ကြောင်း အကြုံပြုချက်များပါဝင်သည်။ထို ဗျူဟာလမ်းညွှန်ချက်ကို အမေရိကန် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ (NRSC ) က ထုတ်ဝေခြင်းဖြစ်သည်။

ရီပတ်ဗလစ်ကန်ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနေဖြင့် တရုတ်နိုင်ငံအား COVID-19 အရေးနှင့် ပတ်သက်ပြီး တိုက်ခိုက်ရန် ထိုလမ်းညွှန်ချက်တွင် တိုက်တွန်းထားသည်။ တရုတ်နိုင်ငံအား ပုတ်ခတ်တိုက်ခိုက်မည့် အဓိက လမ်းကြောင်း သုံးခုတွင် တရုတ်နိုင်ငံ၏ဖုံးကွယ်မှုကြောင့် ကပ်ရောဂါ ဖြစ်ပွားခြင်း ၊ဒီမိုကရက်တစ်ပါတီက တရုတ်အပေါ် နွေးထွေးလွန်းခြင်း၊ ကပ်ရောဂါပြန့်ပွားမှုကြောင့် ရီပတ်ဗလစ်ကန်ပါတီက တရုတ်နိုင်ငံအား ပိတ်ဆို့ရန် တွန်းအားပေးလုပ်ဆောင်ခြင်း ဟူ၍ပါရှိသည်။

အဆိုပါ လမ်းညွှန်ကို ဧပြီ ၁၇ ရက် ရက်စွဲဖြင့် စာရေးသူ ရီပတ်ဗလစ်ကန်ပါတီ အကြီးတန်း မဟာဗျူဟာလမ်းညွှန် Brett O’Donnell၏ နိုင်ငံရေးအတိုင်ပင်ခံ ကုမ္ပဏီက ရေးသား ခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်ကလည်း ၎င်း၏ တွစ်တာအကောင့်တွင် “ဇာတ်ညွှန်ကောင်းပဲ၊ ကြည့်ကြည့်ပါအုံး ”ဟူ၍ တုံ့ပြန်ပြောဆိုထားသည်။ရန်သူ ဖန်တီးပြီး ပြည်သူများ၏ ဒေါသကို ဆွပေးခြင်းက ဖြစ်နိုင်ပါ့မလားဆိုသည်မှာ မေးခွန်းထုတ်ရန်ပင်ဖြစ်လေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.