ပေကျင်း၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ) ၁ဝကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို လာမည့် ဇူလိုင်လ ၂၅ ရက် မှ ၂၇ ရက်အထိ တောင်အာဖရိကတိုက်ရှိ ဂျိုဟန်းနက်စ်ဘာ့ဂျ်တွင်ကျင်းပမည်ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်က ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးမှစပြီး သမ္မတရှီကျင့်ဖိန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ယခုနှစ် ကျင်းပမည့် ၁ဝ...
အယ်မာတီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အိုလံပစ်ဆုရှင် စကိတ်စီးသမား ဒန်းနစ်တန်း သည် ၎င်း၏ ဇာတိဖြစ်သော ကာဇက်စတန်နိုင်ငံ တွင် ဇူလိုင် ၁၉ ရက် က ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အရှေ့ဘက်ကမ်းရိုးတန်းဒေသသို့ ချဉ်းကပ်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည့် အမ်ပီလ် (Ampil)တိုင်ဖွန်းမုန်တိုင်းသည် အားကောင်းလာကာ အဝါရောင်အဆင့်အဖြစ် တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသစောင့်ကြည့်ရေးက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
ချီကာဂို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Missouri ပြည်နယ် ရှိ ရေကန်တစ်ခု တွင်ဇူလိုင် ၁၉ရက် ညပိုင်းက ကမ္ဘာလှည့်ခရီးသည်လှေ တစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။