စတော့ဟုမ်းမ်၊ မေ ၄ ရက် (ဆင်ဟွာ) ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု (Nobel Prize) ဆွတ်ခူးနိုင်သူ မရှိကြောင်း ဆွစ်ဇလန် တက္ကသိုလ်က မေလ ၄ ရက်က ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် လုပ်သားနှစ်ဦး မြေပြိုပိမိသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် ရာတွင် နှစ်နှစ်တာကာလ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၈၉၆ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လက်ရှိတွင် ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁,၂၈၇ .၀၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ မေလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။