Connect with us

CHINA

အမေရိကန် နိုင်ငံ ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အား ထောက်ပံ့မှု ကို ရပ်ဆိုင်းခြင်းသည် အဖွဲ့ဝင် နိုင်ငံ ၏ ထမ်းဆောင်ရမည့်တာဝန် နှင့် ဆန့်ကျင်နေကြောင်း တရုတ် နိုင်ငံ ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ၏ အမေရိကန် နိုင်ငံ က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တာဝန်ခံ အားပြောင်းလဲပေးရန် တောင်းဆိုနိုင်ဖွယ်ရှိကြောင်း နှင့် WHO အား ငွေကြေး ထောက်ပံ့မှု မပြုလုပ်တော့ရန် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က အဖွဲ့ဝင်ကြေး ပေးအပ်ခြင်း သည် အမေရိကန် နိုင်ငံ ၏ WHO အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အဖြစ်ဆောင်ရွက်ရမည့် ဥပဒေအရ တာဝန် ဖြစ်ပြီး အမေရိကန် နိုင်ငံ ၏ ထောက်ပံ့မှု ရပ်ဆိုင်းခြင်း သည် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ၏ တာဝန် နှင့် လုံးဝ ဆန့်ကျင်နေကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု က ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွားစေနိုင်သဖြင့် အမေရိကန် နိုင်ငံ မှ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် မဆန့်ကျင်ရန် မျှော်လင့်ကြောင်း ဧပြီ ၂၄ ရက် ၌ ပြောကြား ခဲ့သည်။

ကိန်းစွမ် က သတင်းစာရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ ၏ WHO အား နာမည်ဖျက် တိုက်ခိုက်နေခြင်း သည် မည်သည့် သက်သေအထောက်အထား မှ မရှိဘဲ ဆောင်ရွက်နေသဖြင့် လူထု၏ လက်ခံမှုကို ရရှိနိုင်မည် မဟုတ်ကြောင်း ၊ COVID-19 စတင်ဖြစ်ပွားချိန် မှ စ၍ WHO သည် ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် ဦးဆောင်မှုအောက်တွင် တက်ကြွစွာ လုပ်ငန်းတာဝန် အား ဆောင်ရွက်ခဲ့ပြီး ကောင်းမွန်မှန်ကန်စွာ သိပ္ပံနည်းကျ သဘောထား ဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး ကပ်ရောဂါ ရင်ဆိုင်နိုင်ရန် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ WHO အား ထောက်ခံအားပေးခြင်းသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို ကာကွယ်ပေးခြင်းဖြစ်ပြီး ကုလသမဂ္ဂ ၏ အဆင့်အတန်း နှင့် အခွင့်အာဏာ အား ထိန်းသိမ်းပေးခြင်းလည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကိန်းစွမ် က အမေရိကန် အနေဖြင့် မိမိ က WHO တွင် ငွေကြေးထည့်သွင်းမှု အများဆုံး ဖြစ်သောကြောင့် WHO က မိမိ ၏ ညွှန်ကြားမှုကို လိုက်နာရမည် ဟူသော ယူဆချက်သည် ဗိုလ်ကျလိုသော စိတ်နေသဘောထား ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် WHO အား ထောက်ခံအားပေးခြင်း သည် ကမ္ဘာ့လူသားများစွာ ၏ အသက် ကို ပိုမို ကယ်တင်နိုင်မည် ဖြစ်ပြီး ကပ်ရောဂါ ဆက်လက် ပျံ့ပွားမှု ကို ဟန့်တားနိုင်မည် ဖြစ်ကြောင်း ၊ ၎င်းမှာ ကမ္ဘာ့နိုင်ငံအများစု ၏ ဘုံသဘောတူညီချက်ဖြစ်ပြီး ကောင်းမွန်သည့် စိတ်ထားရှိသူတိုင်း ဆောင်ရွက်ကြသည့် ရွေးချယ်မှု ဖြစ်ကြောင်း ၊ “အမှန်တရားဘက်မှ ရပ်တည်လျှင် လူအများစု ၏ ထောက်ခံမှု ကို ရရှိနိုင်မည် ဖြစ်ပြီး မဟုတ်မမှန်သည့် ဘက်မှ ရပ်တည် ပါက အထီကျန်ရမည် မှာ သေချာသည်”ဟူသည့် တရုတ် နိုင်ငံ ရှေးဟောင်း စကားပုံ တစ်ခု ရှိသဖြင့် အမေရိကန် နိုင်ငံ က နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတိုက်အခံ ဘက်တွင် မနေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)