ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြားနှစ်နိုင်ငံ အပြန်အလှန်ထောက်ခံခြင်းက နိုင်ငံရေးဗိုင်းရပ်စ်ကို ကာကွယ်နိုင်သည့် ခံတပ်တစ်ခုဖြစ်လာစေခဲ့ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မေ ၂၄ ရက်တွင် ပေကျင်းမြို့၌ကျင်းပသည့်တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက် အစည်းအဝေး ၊ တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေး ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ မေ ၂၅ ရက်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက လုပ်ဆောင်နေစဉ်အတွင်း မိုက်ပွန်ပီယို နှင့် နန်စီပလိုစီကဲ့သို့သော အချို့သော ပြည်ပနိုင်ငံရေးသမားများသည် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေကြသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။