ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အတွင်းခရိုင်(၄)ခုရှိ မြို့နယ် (၁၇)မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက် ဒေသများ သောက်သုံးရေ ရရှိရေးကို နည်းလမ်း (၅)သွယ်ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ပြုံယမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် အစောဆုံးကျင်းပနိုင်ရေးကို ပိုမိုညှိနှိုင်းဆောင်ရွက်သွားရန် အောက်တိုဘာလ ၇ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၁၀,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သဘာဝဘေး စီမံခန်ပခွဲမှုစင်တာ (DMC) က ၎င်းတို့၏ အောက်တိုဘာလ ၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။