Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်ကို ထျန်းဝန်ဟု အမည်ပေး

တရုတ်နိုင်ငံ မားစ်ဂြိုလ် စူးစမ်းလေ့လာရေးခရီးစဉ် လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး မားစ်ဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်ကို ထျန်းဝန်-၁ (Tianwen-1) ဟူ၍ အမည်ပေးထားကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်မှုဌာန (CNSA) က တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ နာမည်သည် (ဘီစီ ၃၄၀-၂၇၈ ခန့်က) တရုတ်ရှေးဟောင်း နာမည်ကျော် ကဗျာဆရာများအနက် တစ်ဦးဖြစ်သော ချီယွမ်ရေးသားသော မိုးကောင်းကင်နှင့်ဆိုင်သော မေးခွန်းများ သို့မဟုတ် မိုးကောင်းကင်သို့ မေးခွန်းများဟု အဓိပ္ပါယ်ရသည့် “ထျန်းဝန်” ကဗျာရှည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

“ထျန်းဝန်” ကဗျာတွင် ချီယွမ်က ရှေးရိုးအယူအဆအချို့နှင့် အမှန်တရားရှာဖွေခြင်း သဘောထားဆိုင်ရာ ၎င်း၏ သံသယများကို ဖော်ပြလျက် မိုးကောင်းကင်၊ ကြယ်တာရာများ၊ သဘာဝဖြစ်စဉ်များနှင့် ကမ္ဘာကြီးအကြောင်း ပါဝင်သည့် စာပိုဒ်များတွင် မေးခွန်းပေါင်းများစွာ သီကုံးရေးဖွဲ့ထားခဲ့သည်။

အနာဂတ်တွင် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာမှု ခရီးစဉ်များအားလုံးကို ထျန်းဝန်စီးရီးဖြင့် အမည်ပေးသွားမည်ဖြစ်ကြောင်း CNSA က ပြောကြားခဲ့သည်။  

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် မားစ်ဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ရန် စီစဉ်ထားပြီး ဂြိုဟ်ပတ်လမ်းအတွင်းဝင်ရောက်ခြင်း၊ ဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းနှင့် လှည့်လည်ခြင်း စသည့်တို့အား ခရီးစဉ်တစ်ခုတည်းအတွင်း ပြီးပြည့်စုံစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117