နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းအား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
နီယာမေ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဘိုကိုဟာရမ် အစွန်းရောက်များ၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ခံရရာ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ချီကာဂို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ် မြောက်ပိုင်း ကျေးလက်ဒေသ ကင့်နယ်မြေတွင် ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းက အဆောက်အအုံတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၏ အောက်တိုဘာလမှ ဇန်နဝါရီလထိ (ယာယီ) မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁,၃၁၆ သန်း ဆောင်ရွက်နိုင်ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လာပက်ဇ် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဘိုလီဗီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် မြေသယ်ကားတစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။