Connect with us

MYANMAR

အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှုများ နှင့် အိမ်သုံး လျှပ်စစ်ဓာတ်အားခ ကောက်ခံမှု ကင်းလွတ်ခွင့် အစီအစဉ်များ အစိုးရ ထုတ်ပြန်

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) 

အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ကူညီမှု အစီအစဉ်များ နှင့် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓါတ်အားသုံးစွဲမှု အခကြေးငွေ ကင်းလွင့်ခွင့် အစီအစဉ်များ ပါဝင်သည့် သတင်းထုတ်ပြန်ချက် တစ်ရပ်အား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ယနေ့ ဧပြီ ၆ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။ 

covID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန်(၁) ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု (၅)မျိုးစီကို ဧပြီ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့ အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓါတ်အားသုံးစွဲမှု(၁၅၀)ယူနစ်အထိကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

Coronavirus Disease 2019(COVID-19)ကာကွယ် ၊ထိန်းချုပ် ၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နိုင်ငံ အနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ရှာဖွေသုံးသပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117