Connect with us

Videos

တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အတွက် အသက်ရှူစက် အလုံး ၁,၀၀၀ လှူဒါန်း

 နယူးယောက်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပေးပို့ လှူဒါန်းသည့် အသက်ရှူစက်အလုံး ၁,၀၀၀ သည် နယူးယောက်မြို့ရှိ ဂျေအက်ဖ် ကနေဒီ နိုင်ငံတကာ လေဆိပ်သို့ ဧပြီ ၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အန်ဒရူး ကူယိုမိုက ပြောကြားလိုက်သည်။

မိမိတို့အနေဖြင့် ယနေ့ တွင် သတင်းကောင်း ကြားရပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အစိုးရမှ ပေးပို့ လှူဒါန်းသည့် အသက်ရှူစက်အလုံး ၁,၀၀၀ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းပေးသည့် The Nets မှ Joe Tsai ၊ Clara Tsai နှင့် အလီဘာဘာ မှ ဂျက်မားတို့ကို လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ၊ ယခုပေးပို့လှူဒါန်းသည့်ပစ္စည်းများမှာ အလွန်ပင်အထောက်အကူဖြစ်စေကြောင်းနှင့် ယခုကဲ့သို့ အကူအညီများရရှိအောင် ကူညီဆောင်ရွက်ပေးသည့် သံအမတ်ကြီး  Huang ကိုလည်း အလွန်ပင်ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုမှာ မိမိတို့အတွက် အလွန်ကောင်းမွန်သည့် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.