ရာဘတ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) မော်ရိုကို ရေတပ်သည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသည့် လှေတစ်စင်းအား စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်ခဲ့ရာ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
တူးနစ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အနောက်ပိုင်း Kasserine ပြည်နယ် ရှိ စစ်တပ်ဧရိယာတစ်ခုတွင် စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းက အကြမ်းဖက်သမားများ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
အာဘူဂျာ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) လွန်ခဲ့သည့် နှစ်ရက်က နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့သည် အရှေ့မြောက်ပိုင်းဒေသတွင် နယ်မြေ ရှင်းလင်းရေးများလုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ် လက်နက်ကိုင် ၁၄ ဦးအား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဓါးစာခံ ၁၄၆ ဦးအား အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Texas Chukwu က...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံသော ရွေးကောက်ပွဲ ဖြစ်မှုနှင့် ပြည်သူ့ ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ(၅)ချက်အပေါ် အခြေခံဆောင်ရွက်လျက်ရှိကြောင်း ဦးလှသိန်းက ပြောကြားသည်။
လန်ဒန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အရှေ့ပိုင်း တွင် ဗြိတိန်ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုတစ်ခုပြုလုပ်ခဲ့ရာ ရှူးဖိနပ်ဘူးများအတွင်း ထည့်ထားသည့် ကိုကင်း ၇၀ကီလိုဂရမ် နှင့် စတာလင်ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၁,၈၀၄) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။