Connect with us

Education & Health

COVID -19 ကာကွယ်ရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်၌ စတင်ဆောင်ရွက်

ပြည်ထောင်စု လွှတ်တော် အဝင်ဝ၌ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေး အဖွဲ့က ကိုယ်အပူချိန် စစ်ဆေးနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၈ရက် (ဆင်ဟွာ)

COVID -19 ကာကွယ်ရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်၌ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ် တော် အစည်းအဝေး ခန်းမ မဝင်မီ၌လည်းကောင်း၊ သတင်းယူရန် ရောက်ရှိလာသည့် မီဒီယာသမား များအား မီဒီယာ ဝင်ပေါက် လွှတ်တော်ဂိတ်(၁) အဝင်၌လည်းကောင်းကိုယ်အပူချိန် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အဝင်ဝ၌ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေး အဖွဲ့က ကိုယ်အပူချိန် စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အဝင်ဝ၌ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေး အဖွဲ့က ကိုယ်အပူချိန် စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အဝင်ဝ၌ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေး အဖွဲ့က ကိုယ်အပူချိန် စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော်၌ တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၅၄ ဦးရှိသည့် အနက် အခြေခံ ဥပဒေ ပြင်ဆင်ချက်များ ဆန္ဒမဲပေးသည့် ရက်များအတွင်း နေ့စဉ် ၆၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြည်တွင်း ပြည်ပ၊ နိုင်ငံပိုင်၊ ပုဂ္ဂလိက မီဒီယာသမား ၄၀ ဦးခန့်နှင့် လွှတ်တော် ရုံးဝန်ထမ်း ဦးရေ ၄၀၀ ခန့်၊ လုံခြုံရေးနှင့် အခြား ၅၀ ဦးခန့် ရှိကြရာ နေ့စဉ် ပြည်ထောင်စု လွှတ် တော်သို့ လာရောက်စုဝေးကြသူ စုစုပေါင်းမှာ လေ့လာရေး လာရာက်သော ဧည့်သည်များမပါ ၁,၂၀၀ ဝန်းကျင်ခန့်အမြဲ ရှိနေကြောင်း၊ လွှတ်တော်သို့ လေ့လာရေးဧည့်သည်များ ဝင်ရောက်မှုကိုမူ မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ခေတ္တ ရပ်ဆိုင်းထားကြောင်းနှင့် ယနေ့ စစ်ဆေးမှုကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ ငါးဖွဲ့တို့က ဆောင်ရွက်လျက်ရှိ  ကြောင်း လွှတ်တော်ရုံး ဝန်ထမ်း တစ်ဦးထံမှ သိရသည်။ (Xinhua)