Connect with us

Politics, Law & Military

မန္တလေး-မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ရေး ကန်ဒေါ်လာ ၁၂၅ သန်း ချေးရန် လွှတ်တော် တင်ပြ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရှင်းလင်း တင်ပြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၈ ရက်(ဆင်ဟွာ)

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် (EDCF: Economic Development Cooperation Fund) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရယူဆောင်ရွက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့ကြသည်။

“ရထားလမ်းပိုင်းတွေ မကောင်းတဲ့အတွက် လမ်းချော် တိမ်းမှောက်မှုကြောင့် ဆယ်နှစ်အတွင်းမှာ ခရီးသည် ၁၃၃ ဦး သေဆုံးခဲ့ရပါတယ်၊ ဂျိုးထောင်-မဲဇာ လမ်းပိုင်းနဲ့ မော်ဟန်-ကာဒူ လမ်းပိုင်းတွေကို ပထမ ဦးစားပေး အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်ရခြင်းက အဲဒီလမ်းပိုင်းတွေဟာ ကွေ့ အရေအတွက် များခြင်း၊ ကွေ့ ဒီဂရီ များခြင်းတို့ကြောင့် ရထား မတော်တဆဖြစ်မှုတွေ ပိုမိုများပြားတဲ့ လမ်းပိုင်းတွေ ဖြစ်နေလို့ပါ၊  ရထား ပြေးဆွဲချိန် လျှော့ချပြီး ဘေးအန္တရာယ် ကင်းရှင်းစေခြင်းဖြင့် ခရီးသည်နဲ့ ကုန်စည်တွေ တိုးမြှင့် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ စီမံ-ဘဏ္ဍာနှင့် စက်မှု ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း “စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆေင်ရွက်ရန် နိုင်ငံအချင်းချင်းအကူအညီပေးတဲ့ အတိုးနှုန်း များစွာ သက်သာတဲ့ ချေးငွေ အမျိုးအစား ဖြစ်ပါတယ်၊ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်- စုစုပေါင်း ချေးငွေ သက်တမ်း ၄၀ နှစ် ဖြစ်ပါတယ်၊ အတိုးနှုန်းက တစ်နှစ်ကို ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းနဲ့ နိုင်ငံတော်အစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၀၆၁ သန်းတို့နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ မတ်လ ၁၆ ရက်နေ့ ငွေလဲနှုန်း အရချေးငွေဟာ မြန်မာကျပ်ငွေ ၁၇၆ ဒသမ ၆၂၅ ဘီလီယံခန့် ဖြစ်ပါတယ်” ဟု ရှင်းလင်းတင်ပြခဲ့သည်။

စီမံကိန်းအရ မန္တလေး-မြစ်ကြီးနား ရထားလမ်းရှိ ၈ျိုထောင်-မဲဇာ လမ်းပိုင်းနှင့် မော်ဟန်-ကာဒူ လမ်းပိုင်း တို့ကို တစ်ပြိုင်နက် အဆင့်မြှင့် သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ချေးငွေ စာချုပ် အသက် ဝင်သည့် နေ့မှစ၍ ငါးနှစ် သတ်မှတ်ထားကြောင်း၊ စီမံကိန်း အကောင်အထည်ပေါ်ပြီး သည့်အခါ မန္တလေးမှ မြစ်ကြီးနားသို့ လက်ရှိ ၁၉ နာရီ ခုတ်မောင်နေရသည်ကို ၁၄နာရီခန့်ဖြင့် ရောက်ရှိစေကာ ခုတ်မောင်းချိန် ငါးနာရီ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး ကုန်ကျစရိတ်များ လျော့ကျ ပြီး ခရီးသည်နှင့် ကုန်စည်များ ပိုမို ပို့ဆောင်နိုင်မည် ဖြစ်သောကြောင့် နိုင်ငံ့ စီးပွား ဖွံ့ဖြိုးမှုအား တစ်ဘက် တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117