ဘရပ်ဆဲလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်သည် ဥရောပသမဂ္ဂ(အီးယူ)၏လုံခြုံရေးအကျိုးစီးပွားနှင့် ဆက်စပ်နေသည်ဟု အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှ အကြီးအရာရှိတစ်ဦးက ယခုလက်ရှိတွင် အမေရိကန်နိုင်ငံမှ ပိတ်ဆို့တားမြစ်ထားသည့် ရုရှားနိုင်ငံသား ၂၄၅ ဦး နှင့် လုပ်ငန်းအရေအတွက် ၄၃၉ခု ရှိကြောင်း မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယနေ့ နံနက် ၃နာရီ ၂၀မိနစ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေများစွာ ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ကဘူးလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) ယခုကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားကပ်ဘေး အခြေအနေကို နိုင်ငံတကာ က ဂရုပြုကြရန်နှင့် ကပ်ဘေးသင့်ဒေသများကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးကြ ရန် အာဖန် သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။