Connect with us

Culture & Entertainment

ရှန်ဟိုင်းမြို့ရှိ အထင်ကရနေရာများကို တင်းကြပ်သော လမ်းညွှန်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်

ရှန်ဟိုင်းတာဝါရှိ ရှုခင်းကြည့်ခန်းမတွင် မတ် ၁၂ ရက်က ခရီးသွားဧည့်သည်များ လာရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမြင့်ဆုံး အဆောက်အဦဖြစ်သည့် ခရီးသွားများအား ဆွဲဆောင်ရာနေရာဖြစ်သော ရှန်ဟိုင်းတာဝါရှိ ရှုခင်းကြည့်ခန်းမအား မတ် ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ရှုခင်းကြည့်ခန်းမမှ လာရောက်လေ့လာသူများအား နာမည်ကျော် အဆောက်အအုံများ၊ သဘာဝအလှတရားများနှင့် မိုးကောင်းကင်အား ၃၆၀ ဒီဂရီ ဘက်ပေါင်းစုံမြင်ကွင်းကျယ်ကို မြင်တွေ့နိုင်သည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Shanghai Jinmao Tower တွင် ခရီးသွားဧည့်သည်များ ရောဂါကူးစက်မှု ဘေးကင်းရေးအတွက် တစ်မီတာအကွာအဝေးမှ စီတန်းရန် အဝါရောင်စတစ်ကာများဖြင့် အမှတ်အသားပြုလုပ်ထားစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ Shanghai Oriental Pearl Tower သို့ မတ်လ ၁၂ ရက်က ဧည့်သည်များ လာရောက်ကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အခြားအထင်ကရနေရာ နှစ်ခုဖြစ်သည့် Shanghai Oriental Pearl Tower နှင့် Shanghai Jinmao Tower တို့တွင်လည်း မတ် ၁၂ ရက်မှစတင်ကာ ခရီးသွားဧည့်သည်များအား စတင်လက်ခံနေပြီဖြစ်သည်။

ခရီးသွားဧည့်သည်များအနေဖြင့် ၎င်းတို့၏ သက်သေခံလက်မှတ်ဖြင့် ကြိုတင်လက်မှတ်ဝယ်ယူရန်နှင့် ကြိုတင်လက်မှတ်ဝယ်ယူထားသောအချိန်တွင် လာရောက်ရန် လိုအပ်ကြောင်း၊ နှာခေါင်းစည်းများဝတ်ဆင်ခြင်း၊ ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်းနှင့် အထင်ကရနေရာများသို့ မဝင်ရောက်မီ ကျန်းမာရေး အခြေအနေ ညွှန်ပြသည့် ဘားကုတ်ကို ပြသခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်း မြူနီစီပယ်မှ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ခရီးသွားဧည့်သည်များ ဆွဲဆောင်ရာနေရာဆိုင်ရာ လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ထားကြောင်း၊ စီးပွားရေးလုပ်ငန်းများကိုလည်း မတ် ၇ ရက်မှစတင်ကာ ဖြည်းဖြည်းချင်း ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117