ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ online e-visaစနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုခဲ့ရာ နှစ်နှစ်တာကာလအတွင်း လူခြောက်သိန်းကျော် ပြည်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၆သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်းလင်းတင်ပြချက်အရ...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၁၆ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂.၉၀ သန်း လာရောက်လည်ပတ်ခဲ့ရာ မှ ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်းထိ လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏ ဒုတိယ ၁ နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေအား တင်ပြခဲ့သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ နေအိမ်ပြခန်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တိုရန်တို၊ မေ ၂၅ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Mississauga မြို့ ရှိ အိန္ဒိယစားသောက်ဆိုင်တစ်ခု၌ အမည်မသိ လူ၂ဦးက မေ ၂၄ရက်တွင် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုနှုန်းထားများ သတ်မှတ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။