Connect with us

Videos

ဝူဟန့်မြို့တွင် ယာယီဆေးရုံ ၁၁ ရုံကို ပိတ်သိမ်း

ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် မတ် ၈ ရက်က  ယာယီဆေးရုံ ၂ ရုံကို ထပ်မံပိတ်သိမ်း ခဲ့သည်။ လက်ရှိတွင် ဝူဟန့်မြို့၌ ယာယီဆေးရုံပေါင်း ၁၁ ရုံကိုပိတ်သိမ်းခဲ့ပြီးဖြစ်သည်။ ရောဂါလက္ခဏာ မပြင်းထန်သည့်လူနာများအား ကုသရန် အများပြည်သူပိုင်အဆောက်အဦများ ကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။  ထိုအထဲမှ ဆေးရုံနှစ်ခုမှာ အားကစားခန်းမများဖြစ်ပြီး ခုတင်၁၀၀၀ ယာယီ ဆေးရုံအဖြစ် ဆေးဘက်ဆိုင်ရာနှင့်အခြားဝန်ထမ်းပေါင်း ၁၀၀၀ ကျော် ပါဝင်အားဖြည့်ခဲ့ခြင်းဖြစ်သည်။  ယင်းဆေးရုံ ကို ဖေဖော်ဝါရီ ၁၂ ရက်က စတင်အသုံးပြုခဲ့ပြီး လူနာပေါင်း ၁၀၅၆ ဦးကို ကုသပေးနိုင်ခဲ့သည်။

အခြားယာယီဆေးရုံတစ်ခု သည် အကျယ်အဝန်းအားဖြင့် ၆၁၀၀ စတုရန်းမီတာကျော်ရှိပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း ၉၉၀ ဦးကို ကုသနိုင်ခဲ့သည်။ ထိုဆေးရုံများတွင် တာဝန်ကျသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှာအချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့ရသည်။  လက်ရှိတွင် ပိတ်သိမ်းရန် ကျန်ရှိနေသည့် ယာယီဆေးရုံ ၃ ရုံ၌ လူနာ ပေါင်း ၁၀၀ ကျော်သည် ကုသမှု ဆက်လက်ခံယူလျှက်ရှိကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.