ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြုံယမ်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန် အစိုးရအရာရှိကြီးများ နှင့် သိပ္ပံပညာရှင်များအား အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ပျဉ်းမနား-နေပြည်တော်-မန္တလေး အမြန်ရထားတွဲဆိုင်းဖြင့် အစုန်/အဆန်ခရီးစဉ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “သမိုင်းတွင်သောနှစ်” ၌ အားလုံးက လေးစားရသော အတော်အတန် ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်မည့် ပထမရာပြည့်ပန်းတိုင် ရောက်ရှိရန် ကတိပြုပါကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်သော ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးမိန့်ခွန်းတွင်...