Connect with us

Social, Education & Health

တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့်ဒေသ ၂၃ ခုတွင် COVID-19 အသစ်ဖြစ်ပွားမှုမရှိ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ထျန်းကျင်း အပါအဝင် ပြည်နယ်အဆင့် ဒေသ ၂၃ ခုတွင် ဖေဖော်ဝါရီ ၂၄ ရက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 အသစ်ဖြစ်ပွားမှု မရှိကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂၅ ၌ ပြောကြားခဲ့သည်။

ထို့ပြင် ရောဂါဖြစ်ပွားရာ ဟူပေပြည်နယ်ပြင်ပတွင် ဖေဖော်ဝါရီ ၂၄ ရက်က ရောဂါအသစ်ဖြစ်ပွားမှု ၉ ခုရှိကြောင်း၊ ယင်းနေ့ကုန်ပိုင်းအထိ တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံအသီးသီး၌ တက်ရောက်ကာ ရောဂါကုသပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက် ၂၇,၃၂၃ ဦးရှိကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်အရ သိရသည်။  (Xinhua)