ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ၂၀၁၉ခုနှစ် မြန်မာရုပ်ရှင် နှစ် ၁ဝဝ ပြည့်အမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ဝက်ဝံရုပ်များအတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားများအားကို ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြုံယမ်း၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ Mount Kumgangတွင် သြဂုတ် ၂၀ရက်က စတင်ကျင်းပခဲ့သည့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲကို နှစ်ကြိမ်ခွဲကျင်းပခဲ့ရာ သြဂုတ် ၂၆ရက် တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟို သတင်း(KCNA)၏ သတင်းများအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျပ် ၄၃,၅၈၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။