အဒစ် အဘာဘာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အွန်လိုင်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ဂျက်မာဖောင်ဒေးရှင်းမှ အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၅၄ နိုင်ငံသို့ COVID-19 တိုက်ဖျက်ရေး ပစ္စည်းများပေးပို့ လှူဒါန်းသည့် လေယာဉ်သည် မတ် ၂၂ ရက်တွင် အဒစ်အဘာဘာမြို့သို့ရောက်ရှိ ခဲ့ကြောင်း သိရသည်။ ဂျက်မာ ၏...
မနီလာ ၊ မတ် ၂၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုအား ရပ်တန့်ရန် ရည်ရွယ်၍ ဘတ်စကတ်ဘောကွင်းတစ်ခုအတွင်း စံမီယာယီအမိုးအကာရွက်ဖျင်တဲများတည်ဆောက်ကာ လမ်းဘေးနေအိမ်ရာမဲ့များအတွက် နေစရာ စီစဉ်ဖန်တီးပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ယနေ့ မတ် ၂၃ ရက် နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ သင်တန်းကျောင်းအား...
ဂျကာတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ထောက်ပံ့ပေးပို့သော COVID-19 ရောဂါစမ်းသပ်ကိရိယာ ၈၀၀,၀၀၀ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသို့ မတ် ၂၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ရှမန်လေကြောင်းက ပြောကြားခဲ့သည်။