Connect with us

Politics, Law & Military

တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အပြန်အလှန်ယုံကြည်မှု ၊ သုံးနိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း တို့အားအတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်၊ဂျပန်နှင့်တောင်ကိုရီးယား(ROK) နိုင်ငံခေါင်းဆောင်များ၏  နောက်ဆုံးတွေ့ဆုံခဲ့သော အစည်းအဝေးအတွင်း အပြန်အလှန်ယုံကြည်မှု နှင့် သုံးနိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးနိုင်ခဲ့ကြောင်း နိုင်ငံတကာအရေးကျွမ်းကျင်သူများ နှင့် တာဝန်ရှိသူများက ဆိုကြသည်။

တရုတ်၊ဂျပန်နှင့်တောင်ကိုရီးယား(ROK) နိုင်ငံခေါင်းဆောင်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်တူးမြို့၌ ပြုလုပ်သော ၈ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား နိုင်ငံခေါင်းဆောင်များ အစည်းအဝေးအတွင်း လာမည့်ဆယ်စုနှစ်အတွက် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုရည်မှန်းချက် နှင့် သုံးနိုင်ငံဆက်ဆံရေး+X ပူးပေါင်းဆောင်ရွက်မှု အစောပိုင်းအောင်မြင်ဖြစ်ထွန်းမှု စီမံကိန်းများ အကြောင်းကို ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစည်းအဝေးက ဒေသတွင်း နှင့် နိုင်ငံတကာရေးရာများတွင် အဆိုပါသုံးနိုင်ငံ၏ ဩဇာသက်ရောက်မှုအနေအထားကို ကမာ္ဘကြီးက တစ်ဖန်ပြန်၍ သတိပြုမိလာခဲ့ကြောင်း တိုကျိုမြို့ Kyorin တက္ကသိုလ် လူမှုသိပ္ပံဌာနပါမောက္ခ Liu Di က ဆိုသည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ယင်းသုံးနိုင်ငံအကြား သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကြီးမားသော အောင်မြင်မှုများစွာကို ဆောင်ကြဉ်းနိုင်ခဲ့ပြီး ယင်းမှာ ရှင်းလင်းသောလမ်းကြောင်းတစ်ခုဖြင့် ကမာ္ဘ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရာတွင် အလွန်အရေးပါသော နေရာတစ်ခုမှ ပါဝင်ခဲ့ကြောင်း Liu က ဆိုသည်။ 

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း တို့အားအတူတကွတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း တို့အားအတူတကွတွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံတကာအခင်းအကျင်း နှင့် စီးပွားရေး နှင့် ကုန်သွယ်ရေး မရေရာမသေချာမှုများဖြင့် ကြုံတွေ့နေသောအချိန်တစ်ခုတွင် ယင်းသုံးနိုင်ငံ၏ အပြန်အလှန်ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း နှင့် ကမာ္ဘကြီးအတွက် အလွန်းအရေးပါကြောင်း ပါမောက္ခက ဆက်ပြောခဲ့သည်။

လက်ရှိတွင် အရှေ့အာရှဒေသတွင် သမားရိုးကျမဟုတ်သော လုံခြုံရေးကိစ္စရပ်များ အလေးထားမှုတစ်ခု ကြီးထွားလာခဲ့ကြောင်း ၊ ယင်းနယ်ပယ်တွင် သုံးနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း Liu က ဆိုသည်။

သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုရုံး အထွေထွေအတွင်းရေးမှူးဟောင်း Lee Jong-heon က အစည်းအဝေးတွင် အရှေ့မြောက်အာရှဒေသ တည်ငြိမ်ရေး နှင့် စည်ပင်ဝပြောရေးကို မည်သို့မြှင့်တင်သွားရမည်ကို တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံအကြား ပိုမိုသဘောတူညီချက်များရရှိခဲ့ကြောင်း ၊ ယင်းမှာ အနာဂတ် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးရန် လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ Ateneo de မနီလာတက္ကသိုလ် မှ တရုတ်ဘာသာစကားသင်ကြားပေးနေသည့် ကထိက Lucio Blanco Pitlo က ယင်းအစည်းအဝေးသည် အရှေ့မြောက်အာရှဒေသတွင် သုံးနိုင်ငံအကြားချိတ်ဆက်ဆောင်ရွက်မှုအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုကို ဖော်ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

နိုင်ငံတကာအခင်းအကျင်း လျင်လျင်မြန်မြန် ဖြစ်ပေါ်ပြောင်းလဲနေမှုအလယ်တွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ၊ ကွဲပြားခြားနားချက်များကို စီမံဆောင်ရွက်ရေး ၊ လွတ်လပ်သောကုန်သွယ်မှု နှင့် နိုင်ငံပေါင်းစုံပါဝင်မှုဝါဒကိုဆက်လက် ဆုတ်ကိုင်ထားရေး နှင့် ကိုရီးယားကျွန်းဆွယ် အလုံးစုံ နျူကလီးယားကင်းစင်ရေး နှင့် ဒေသတွင်း ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးကို တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံခေါင်းဆောင်များက သဘောတူညီကြောင်း Lucio က ဆိုသည်။

ဂျကာတာမြို့အခြေစိုက် Nanyang ASEAN ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ နှင့် အင်ဒိုနီးရှားပညာရှင်တစ်ဦးဖြစ်သူ Bambang Suryono က ၈ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် တရုတ်-ဂျပန်-တောင်ကိုရီးယားသုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စမှတ်အသစ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းမှာ ဒေသတွင်း နှင့် ကမာ္ဘကြီးအတွက် လုံခြုံရေး နှင့် တည်ငြိမ်ရေး ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အပေါင်းလက္ခဏာဆောင်သည့် သက်ရောက်မှုများရှိကြောင်း ဆိုသည်။

ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒမြင့်တက်နေမှုကို ဆန့်ကျင်ပြီး သုံးနိုင်ငံသည် လွတ်လပ်သောကုန်သွယ်မှုကို ပူးပေါင်းထိန်းသိမ်းခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း တို့ကို လုပ်ဆောင်ခဲ့ရာ ယင်းမှာ ကမာ္ဘ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ကုန်သွယ်မှုအနေအထားကို ထိန်းသိမ်းရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း Suryono ဆိုသည်။

အိန္ဒိယနိုင်ငံတွင်အခြေစိုက်သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သုတေသန နှင့် သတင်းအချက်အလက်စနစ်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Subhomoy Bhattacharjee က တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုယန္တရားတွင် တရုတ်နိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သော အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ၊ အရှေ့မြောက်အာရှဒေသ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံက ကတိပြုထားပြီးဖြစ်ကြောင်း ၊ နိုင်ငံအားလုံးစီးပွားရေးတိုးတက်ရန် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း နှင့် ဒေသတွင်း ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အရေးပါသောနေရာတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဂျပန် နှင့်တောင်ကိုရီးယားသုံးနိုင်ငံသည် အရှေ့အာရှဒေသတွင် စီးပွားရေးကို ဦးဆောင်မှုပေးနေကြောင်း ၊ သုံးနိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ပါကြောင်း နှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို တရားဝင်လက်မှတ်ရေးထိုး အကောင်အထည်ဖော်ရန် သက်ဆိုင်ရာနိုင်ငံများကလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံမော်စကိုမြို့ နိုင်ငံတကာဆက်ဆံရေးသိပ္ပံ မှ ကျောင်းအုပ်ကြီး Pavlyatenko က ဆိုသည်။ ယင်းသဘောတူညီမှုအတွက် နိုင်ငံပေါင်းများစွာက စောင့်မျှော်လျက်ရှိကြောင်း နှင့် အာရှစီးပွားရေးအရှိန်အဟုန်မြှင့်တင်ရန် တွန်းအားပေးမှုဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ လွှတ်တော်အမတ် Pornchai Trakulwaranont က တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ဒေသတွင်း အနာဂတ်ကာလ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးနိုင်သလို ဒေသတွင်းနိုင်ငံများ နီးကပ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)