နတ်မောက်၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေဖြစ်သည့် မကွေးတိုင်းဒေသကြီးရှိ နတ်မောက်မြို့ မြို့နယ် ဆေးရုံအား ပြုပြင် မွမ်းမံခြင်းနှင့် အရေးပေါ် လူနာဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင် မင်္ဂလာ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံဝင်းအတွင်း ကျင်းပခဲ့ရာ အလှူရှင်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့တွင် နှစ်ပေါင်း ၆၀ အတွင်း အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သတိပေးချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ စက်မှုလုပ်ငန်းကြီးများ ၏ အမြတ်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ၂၀၁၈ခုနှစ် ၏ ပထမ ၁၁ လတွင် ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဇန်နဝါရီလ မှ အောက်တိုဘာ ကာလအထိ ၁၃.၆ ရာခိုင်နှုန်းကျယ်ပြန့်မှုထက်...
ကျဲ့ကျန်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် အသိဉာဏ်နည်းပညာသုံး အဝေးပြေးလမ်းကို ပထမဆုံးအနေဖြင့်ဖောက်လုပ်လျက်ရှိသည်။ အဆိုပါလမ်းတွင် ယာဉ်မောင်းနှင်ရာတွင် အချက်ပြနိုင်မည့်ဆင်ဆာစနစ်နှင့် ဆိုလာအလင်းထုတ်ယူစနစ်တို့ကို အဓိက တပ်ဆင်ထားပြီးလမ်း၏ သတိပေးစနစ်က မော်တော်ယာဉ်မတော်တဆမှုများဖြစ်ပွားမှုမှလုံခြုံ ိစိတ်ချရစေမည် ဟုသိရသည်။ မောင်းသူမဲ့ကားများမောင်းနှင်နိုင်ရန် အင်တာနက်ယာဉ်လိုင်းထိန်းချုပ်မှုကွန်ရက် မှ ထောက်ပံ့ပေးမည်ဖြစ်ပြီး ဟန်ကျိုးမြို့နှင့် နင်ပိုမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားသည်။...