Connect with us

Social

ကန်တော်ကြီး ငါးပြတိုက် ဆောက်လုပ် ပြီးစီးမှု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေး

ကန်တော်ကြီး ငါးပြတိုက် ဆောက်လုပ်ပြီးစီးမှုများအား တာဝန်ရှိသူများ သွားရောက် ကြည့်ရှု စစ်ဆေး နေစဉ်(ဓာတ်ပုံ - MOI)

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ကန်တော်ကြီး အတွင်းရှိ နိုင်ငံတကာ အဆင့်မီ ငါးပြတိုက် ဆောက်လုပ် ပြီးစီးမှု များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကန်တော်ကြီး နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်အား ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ခံ ဦးသိန်းမင်းဇံက ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ရှင်းလင်း တင်ပြခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

အဆိုပါ ငါးပြတိုက်မှာ ယခင်က ရေချိုငါးပြတိုက်အား ယခု ရေချို/ရေငန် နှစ်မျိုးနှစ်စား ပါဝင်သော ငါးပြတိုက်အဖြစ် စင်ကာပူနိုင်ငံရှိ Surbana မှ ဒီဇိုင်းရေးဆွဲပေးထားပြီး အဆောက်အအုံ ပုံစံသစ်မှာ Steel Structure နှစ်ထပ်ခွဲ အမျိုးအစား ဖြစ်ကြောင်း ၊ ငါးပြကွက်ပေါင်း ၂ဝ ကျော်ကို ပါဝင်ပြသသွားမည် ဖြစ်ကာ ပြည်တွင်းပြကွက်အတွက် ငါးအမျိုးအစားပေါင်း ထောင်ချီပြသသွားမည်ဖြစ်ပြီး ပြည်ပပြကွက်အတွက် ထောင်ဂဏန်းမှ သောင်းဂဏန်း အထိ အမျိုးအစားများ ထည့်သွင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစား များ၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ငါးများကို အများပြည်သူများ ကြည့်ရှုလေ့လာ နိုင်ကြစေရန် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ၊ ပြတိုက်တွင် နိုင်ငံတကာ အဆင့်မီ ရေအောက်ဥမင်လည်း ထည့်သွင်း တည်ဆောက်ထားကြောင်း ၊ လာရောက်ကြည့်ရှု ကြသည့် ပရိသတ်များ ဥမင်ထဲ ဝင်ရောက် လည်ပတ် နိုင်ကြပြီး တကယ့် ပင်လယ်ရေအောက် ရောက်သွားသကဲ့သို့ ခံစားနိုင်အောင် ဆောင်ရွက် ထားသည်ဟု ဆိုသည်။လာရောက် ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက်အဝင်ဝ၌ ငါးအမျိုးအစားများ အကြောင်းနှင့် ပြကွက်များကို ရှင်းလင်း ပြောကြားပေးခြင်း ၊ အချို့ငါးပြကွက်များရှိ ငါးများကို ကလေးငယ်များက ပျော်ရွှင် မြူးထူးစွာ ဆော့ကစားနိုင်အောင် စီစဉ်ထားကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117