Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ လေယာဉ်ပျက်မှုတွင် လူ ၉ ဦးသေဆုံး

လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းပြည်နယ် Miranda တွင်  ဒီဇင်ဘာလ ၁၉ရက် ည၌ ဖြစ်ပွားခဲ့သည့် ပုဂ္ဂလိကလေယာဉ်တစ်စီးပျက်ကျမှု တွင် လူ ၉ဦးသေဆုံးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုခဲ့သည်။ 

သေဆုံးသည့် လူ ၉ ဦးတွင် ခရီးသည် ၇ဦး နှင့် လေယာဉ်ဝန်ထမ်း ၂ ဦးပါဝင်ခဲ့ကြောင်း သိရသည်။ 

The King -100BE10 လေယာဉ် သည် နိုင်ငံအရှေ့ပိုင်း ဘိုလီဗာပြည်နယ်ရှိ Guasipati မြို့မှ မြို့တော်Caracas သို့ သွားသည့် ခရီးစဉ်တွင် Miranda ပြည်နယ်ရှိ Oscar Machado Zuloaga လေဆိပ်တွင် လေကြောင်းထိန်းသိမ်းမှုနှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ 

 “သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ကျွန်တော့်အနေနဲ့ ဝမ်းနည်းကြောင်းပြောကြားလိုပါတယ်’’ ဟုရှေ့နေချုပ်က ဒေသခံမီဒီယာများ အားပြောကြားခဲ့သည်။ 

ဗင်နီဇွဲလားပြည်သူ့ရေးရာ ၀ န်ကြီးဌာနကလေယာဉ်ပျက်ကျရ သည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရသည်။   (Xinhua)