Connect with us

Culture & Entertainment

တွံ‌တေးမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ကျွန်းကလေးကျေးရွာ၌ ကရင်နှစ်သစ်ကူးကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အဆင့်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံ‌တေးမြို့နယ်အတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ၂၆ ရက်အထိ တွံတေးမြို့မဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။

ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ရိုးရာဒုံးအကများ၊ အားကစားပွဲများ၊ ရိုးရာလက်ဝှေ့ အလံ လုပွဲများ၊ ကရင်ရိုးရာခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု သရုပ်ပြပွဲများ၊ ရိုးရာပြခန်း များ၊ ရိုးရာလက်မှုပြခန်းများ၊ ဒို့ရိုးရာပန်းပုပြခန်း၊ ကရင်နှစ်သစ်ကူးနေ့ကို ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပြခန်း၊ ကရင်တိုင်းရင်းသားရိုးရာ အိမ်များ ဖြစ်သည့် အနောက်ပိုးကရင်၊ စကော့ကရင်၊ အရှေ့ပိုးကရင် တိုင်းရင်းသားများ၏ နေထိုင်မှု ရိုးရာ အိမ်ပုံစံများ၊ ကရင်အလံမပေါ်မီက အလေးပြုခဲ့သော တံခွန်တိုင်ပုံစံ၊ ကရင် နှစ်သစ်ကူး ကောက်သစ်စားပွဲနှင့် ကရင်တိုင်းရင်းသား တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117