ကိဗ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုကို မတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လက်စ အဆောက်အအုံ၏ ၅ထပ်မှ အသက် ၄၅နှစ်အရွယ် အလုပ်သမားတစ်ဦး မတ်၃၀ ရက်တွင် ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မတ် ၃၁ ရက်(ဆင်ဟွာ) နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေဘေးဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရသူ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း အာဖဂန်မီဒီယာများက မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ မတ် ၃၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) သည် ဝန်ထမ်းများ၏ အနည်းဆုံးလုပ်ခလစာအား တစ်လလျှင် အီဂျစ်ငွေ ၁,၂၀၀ ပေါင် မှ ၂,၀၀၀ပေါင် (အမေရိကန်ဒေါ်လာ ၁၁၅.၇၄ ဒေါ်လာ) အထိ မတ် ၃၀...
ဘန်ကောက် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝဂ်ထရာအား ယခင်က ပေးအပ်ချီးမြှင့်ထားသော တော်ဝင်အဆောင်အယောင်များ အားလုံးကို ရုပ်သိမ်းကြောင်း အမိန့်ကြေညာချက်တစ်စောင်ကို ထိုင်းဘုရင် မဟာဗီဂျေလောင်ကွန်းက ထုတ်ပြန်ကြေညာခဲ့သည်။