ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း...
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယနေ့(ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း သေဆုံးသူ ၄၃ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေလီမြို့မီးသတ်တပ်ဖွဲ့(DFS) ၏ သတင်းအရင်းအမြစ်များ အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။