Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း ၊ နှစ်ထောင်ချီ ဆက်ဆံရေးသည် ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီ အပြန်အလှန် အမှီသဟဲပြုကြသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဖြစ် တည်ရှိစေပြီး နိုင်ငံတကာအခြေအနေအပြောင်းအလဲက မိမိတို့အား အေးတူပူမျှကံတူအကျိုးပေး အသိုက်အဝန်းဖြစ်လာစေကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါး ရပ်ကို လက်ကိုင်ထားကျင့်သုံးကာ နိုင်ငံနှင့်ဣိိနိုင်ုင်ငံ အကြား  တန်းတူညီမျှ ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးပြုပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက မြန်မာနိုင်ငံ၏မိမိနိုင်ငံအခြေအနေနှင့်ဖြင့်ကိုက်ညီသော တိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းခြင်းအား ခိုင်မာစွာထောက်ခံသလို နိုင်ငံတကာမျက်နှာစာတွင် ရသင့်သောအခွင့်အရေးနှင့်အကျိုးခံစားမှု ၊ အမျိုးသားဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်နိုင်ငံ၏ အဓိကဗဟိုအကျိုးစီးပွားနှင့်အရေးကြီးကိစ္စရပ်များတွင် မြန်မာနိုင်ငံက ထောက်ခံအားပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

လာမည့်နှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့် အခါသမယ အရေးကြီးအထိမ်းအမှတ်နှစ်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုခြင်းအောင်မြင်ခြင်းမှုရလဒ်အတွေ့အကြုံများကို  ခြုံငုံသုံးသပ်ပြီးကာ အနာဂတ် ဖွံ့ဖြိုးရေးအလားအလာများကို အတူ ရေးဆွဲသွားဆောင်ရွက်သွားလိုကြောင်း ၊ အထူးသဖြင့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ကာ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခြေလှမ်းသစ်ကို လျှောက်လှမ်းပြီး ခေတ်သစ်သို့ ရောက်ရှိစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သည် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၏ နိုင်ငံအချုပ်အချာအာဏာ ၊ ဂုဏ်သိက္ခာနှင့် လူမှုစီပွားဖွံဖြိုးတိုးတက်ရေးကဏ္ဍများတွင် ကာကွယ်စောင့်ရှောက်မှုများကို တရုတ်နိုင်ငံက ရေရှည်အားပေး ထောက်ခံမှုများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်နှစ် ဖြစ်သည့် လာမည့်နှစ်တွင် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာနက်နဲစွာ တည်ဆောက်သွားပြီး  ရပ်ဝန်းနှင့်ပိုးလမ်းမ လက်တွဲတည်ဆောက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၊ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို ဘက်စုံ တွန်းအားပေးဆောင်ရွက်သွားပြီး ကုန်သွယ်စီးပွား၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားလိုကြောင်း ၊ ဒေသတွင်းနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြင့်ကာ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအလားအလာသစ်များကို ဖွင့်လှစ်သွားလိုကြောင်း ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံပေးစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)