Connect with us

North America

မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အနီး ပစ်ခတ်မှုဖြစ်ပွား ၊ ၄ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အနီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသမ္မတအိမ်တော်အနီး၌ ဒီဇင်ဘာ ၇ ရက်တွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားလူ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ဖြစ်စဉ်မှာ သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် အပေါ့သွားရန်ဟန်ပြု၍ သမ္မတအိမ်တော်အနီးရှိ အဆောက်အဦတစ်လုံးအတွင်းသို့ချဉ်းကပ်ဝင်ရောက်ခဲ့ပြီးနောက် အဆောက်အဦအတွင်း နေထိုင်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် ၎င်းအမျိုးသားသည် ပစ္စတိုသေနတ်ကို ဆွဲထုတ်၍ စတင်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားသည်။

မက္ကဆီကိုနိုင်ငံ သမ္မတအိမ်တော်အား တွေ့ရစဉ်(ဓာတ်ပုံအင်တာနက်)

ပစ်ခတ်မှုကြောင့် အဆောက်အဦအတွင်း နေထိုင်သူ ၃ ဦးသေဆုံးပြီး သေနတ်သမားကိုယ်တိုင်လည်း အချင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador သည် ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတအိမ်တော်အတွင်း ရှိမနေခဲ့ကြောင်း သိရသည်။(Xinhua)