ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်တွင် ငွေကျပ် ၄၉၁၁. ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
လေ့ာအိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း လော့အိန်ဂျလိစ်မြို့ ရှိ Salvador Castro အလယ်တန်းကျောင်း တွင် ဖေဖော်ဝါရီ ၁ရက်က စာသင်ခန်းတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ဦးအပါအဝင် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာစားသောက်ကုန်လုပ်ငန်းများသည် FDA ထောက်ခံချက်မရရှိသေးပဲ စည်ပင်၊ကျန်းမာရေးလိုင်စင်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်နေရသောကြောင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသည့်လုပ်ငန်းများအား FDA (မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ထောက်ခံချက်ရရှိနိုင်ရေး ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က နိုင်ငံတော်ဒုတိယ သမ္မတ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး အပါအဝင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည့် ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ်ကို တိုးချဲ့ဖွဲ့စည်းထားကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ၊ဗန်းမော်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။